Domain Registration

Domain name ဆိုသည်မှာ Internet address အင်တာနက် လိပ်စာ တစ်ခုဖြစ်ပါသည်။ Customer များက သင့်ရဲ့ Website ကို အလွယ်တကူ ရှာဖွေနိုင်အောင်ကူညီပေးပါသည်။ အိမ်တွေ၊ ဆိုင်တွေမှာ လိပ်စာရှိသလို Website တွေ အား လုံးမှာလဲ Domain name တစ်ခုစီရှိကြပါသည်။

(ဥပမာ) Webmaster Myanmar အတွက် www.webmastermm.com, www.webmastermm.net, www.webmastermm.asia စသည်ဖြင့် မိမိအလိုရှိသော (Domain) ရယူနိုင်ပါသည်။ ထိုနာမည် မိမိ၏ (Domain) သည် တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းရှိရပါသည်။

(ဥပမာ) www.webmastermm.com သည် Webmaster Myanmar အတွက် တစ်ခုပဲရှိရပါသည်။ တစ်ခြားတစ်ယောက်မှ www.webmastermm.com ဟု ထပ်မရယူနိုင်တော့ပါ။ တစ်ခြားလွတ်နေသောနာမည်များကို ရွေးယူနိုင်ပါသည်။

 

Domain များတွင် .com သည် commercial, .net သည် network, .org သည်  organization, .biz သည် business စသည်ဖြင့်အပြင် .asia သည် အာရှနိုင်ငံများအားလုံးအတွက် အသီးသီးကိုယ်စားပြုကြပြီး နိုင်ငံကိုယ်စားပြု .mm, .my, .sg, .th စသည်များလည်း ရှိကြပါသည်။ ထို့အပြင် နိုင်ငံကိုယ်စားပြု Domain များကို .com, .net, .org စသည် Top Level Domain များနှင့် ပေါင်းစပ်ထားသော Third Level Domain များ .com.mm, .net.mm များလည်း ပါဝင်ပါသည်။ Domain name ရှိရုံဖြင့် Business card, Email signature များ၊ တစ်ခြားကြော်ငြာ အချက်အလက်စသည်များမှာ ထည့်သွင်းနိုင်ပါသည်။ Domain name တစ်ခု သည် Customer ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ မိမိ၏ ကုမ္ပဏီကို Customer များ အလွယ်တကူမှတ်မိစေနိုင်ပါသည်။

Domain name ရွေးချယ်တော့မည်ဆိုပါက မိမိ ကုမ္ပဏီ၊ လုပ်ငန်း၊ ဆိုင်၊ ဟိုတယ် စသည့်နာမည် လည်းပေါ်လွင်စေမည့် Domain name မျိုးပေးသင့်ပါသည်။

မိမိ၏ Website ကိုလည်း Cover ဖြစ်စေမယ့် Domain name မျိုးဖြစ်ပြီး ရှင်းလင်း ပြတ်သားသည့် နာမည်မျိုးဖြစ်သင့်ပါသည်။

Domain name တွင် Letter, Number, Hyphens စသည်တို့ အသုံးပြုနိုင်ပါသည်။ တစ်ခြား သင်္ကေတများကို အသုံးခွင့်မပေးပါ။

Webmaster Myanmar မှ လူကြီးမင်းတို့ ၏ စီးပွားရေးလုပ်ငန်း Websites များ၊ ကုမ္ပဏီ Websites များ၊ အခမဲ့ရှိသော Websites များအတွက် Professional Top Level Domain များကို Register, Transfer, Renew ပြုလုပ်ပေးပါသည်။ Webmaster Myanmar မှ ရရှိနိုင်သော Domain များမှာ .com, .net, .org, .biz, .info, .asia, .me အပါအဝင် မျိုးစုံရရှိနိုင်ပါသည်။ Domain Registration ဈေးနှုန်းမှာ တစ်နှစ်လျှင် International Domain များအတွက် 17000 ကျပ်နှုန်း ဖြစ်ပါသည်။ မိမိ Domain ကို မိမိကိုယ်တိုင် Manage လုပ်နိုင်ရန် Domain Control Panel ပါဝင်ပါသည်။ မိမိအလိုရှိသော Domain ရ၊ မရကို ဤနေရာတွင် စစ်ဆေးနိုင်ပါသည်။

MyanPay ဖြင့်လည်း Payment ပြုလုပ်နိုင်ပါသည်။

No. of years

We accept Payment By Also MyanPay